Published April 6, 2024 | Version v1
Poster Open

Empowering Sustainable Development Goals (SDGs) through Zakat

  • 1. Shwetaungthagathu Reform Initiative Centre (SRIc)

Description

The published infographic today focuses on the utilization of Zakat to effectively implement the Sustainable Development Goals (SDGs) set forth by the United Nations. Zakat constitutes 2.5% of the assets of financially capable adult Muslims, known as nisab, payable annually according to the Islamic lunar calendar.

Contrary to common misconception, Zakat does not strictly align with the conventional definition of taxes. While it adheres to certain tax-like attributes such as a fixed rate and periodicity, it diverges in terms of regulatory oversight and enforcement. Unlike taxes, Zakat lacks a centralized authority for collection and does not impose immediate penalties for non-payment or provide direct services to taxpayers. Instead, it is primarily managed by individual donors or charitable organizations according to religious principles, thereby assuming a self-regulated donation model.

Zakat encompasses three main categories of wealth: savings, investments yielding profit, and assets. Notably, Zakat calculations exclude necessities for sustainable living, such as food, and are mainly applicable to income generated from traded or leased properties. Furthermore, Zakat obligations extend to assets like gold, silver, and shares in compliant business ventures, while investments in prohibited industries or entities, such as alcohol or interest-based banking, are deemed impermissible.

In essence, Zakat represents a unique financial instrument, incorporating elements of both taxation and philanthropic funding. It is tailored to individual circumstances, promoting equitable wealth distribution and social welfare under Islamic finance principles.

 
"ဇကာသ် (သို့) ငွေကြေးချို့တဲ့သူများအား ထောက်ပံ့ပေးရေးငွေဖြင့် ကုလသမဂ္ဂ၏ 𝗦𝗗𝗚s အား  အကောင်အထည်ဖော်ခြင်း"
-----------------------------------------------
ဒီနေ့မျှဝေပေးသွားမည့် Infographic လေးကတော့ "ဇကာသ်"လို့ ခေါ်ဆိုကြတဲ့ "ငွေကြေးပြည့်စုံသည့် အရွယ်ရောက်ပြီးသော အစ္စလာမ်ဘာသာဝင်များ တစ်ဦးခြင်း၏ ပိုင်ဆိုင်မှုမှ ၂.၅ ရာခိုင်နှုန်းကို နှစ်စဥ်ပေးရသည့် ငွေကြေးချို့တဲ့သူ(ဆင်းရဲနွမ်းပါးသူများပြန်လည်ထူထောင်ရေးရန်ပုံငွေ (သို့) အခွန် (ဇကာသ်)" ဖြင့် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီမှုမျှော်မှန်းချက်များအား ဘယ်လို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မလဲ ဆိုတာပဲဖြစ်ပါတယ်။ 

🌼 ဇကာသ်အဓိပ္ပါယ်
ဇကာသ်ဆိုတာကတော့ အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ လအခြေခံတွက်ချက်ပြီး ပြက္ခဒိန်ရဲ့ တစ်နှစ်တာကာလအတွင်း Islamic Finance (အစ္စလာမ်ဘာသာအဆုံးအမ သတ်မှတ်ချက်များနှင့်အညီ စီးပွားရေးလုပ်ဆောင်ခြင်း)မှ စုဆောင်းရရှိတဲ့ ပိုင်ဆိုင်မှုရဲ့ ၂.၅ % ကို ငွေကြေးချို့တဲ့သူများထံ ပေးဆောင်ရတဲ့ ရန်ပုံငွေ (သို့) အခွန်ပဲ ဖြစ်ပါတယ်။

🌼ဇကာသ်နှင့် SDGs 
ဇကာသ်သည် Wealth Distributionကို လုပ်ဆောင်ရခြင်းဖြစ်သည့်အတွက် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီမှုမျှော်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် အလွန်အသုံးဝင်သည့် (tools) နည်းလမ်းတစ်ခုဖြစ်ပါသည်။ ဒါ့အပြင် Nonprofit Sector ဖြစ်သည့်  INGOs များ၊ NGOsများက အဓိက ငွေကြေးရရှိနိုင်သည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါသည်။ 

🌼 ဇကာသ်အား အကျယ်အဝင့်ရှင်းပြခြင်းဒီနေရာမှာ ဇကာသ်ရဲ့ သဘောသဘာဝသည် Islamic Finance အရ ရန်ပုံငွေဟု သုံးလျင်လည်း အပြည့်အဝမမှန်သလို ဆင်းရဲနွမ်းပါးသူများထောက်ပံ့ရေးအခွန်ဟု သုံးပါကလည်း အပြည့်အဝမမှန်ပါ။
- အခွန်ဟုဆိုရာတွင် 
(၁) တိကျသည့် သတ်မှတ်နှုန်းထားရှိခြင်း၊ 
(၂) အချိန်ကာလသတ်မှတ်ထားရှိခြင်း၊ 
(၃) ကောက်ခံသည့် တာဝန်ခံအဖွဲ့ (Regulatory Body) ရှိခြင်း၊ 
(၄) မပေးမနေရဖြစ်ပြီး မပေးဆောင်ပါက သတ်မှတ်ပြစ်ဒဏ်ရှိခြင်း၊ 
(၅) ကောက်ခံရရှိသည်များကို သတ်မှတ်လုပ်ငန်းများတွင်သာ တာဝန်ခံအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြန်လည် အသုံးပြုခြင်း၊ 
(၆) အခွန်ပေးဆောင်သူများအား ပြန်လည်ပေးအပ်သည့် ခံစားခွင့်ရှိသော ဝန်ဆောင်မှုများရှိခြင်း စသည့်အခြေခံအားဖြင့် အချက် (၆) ချက်နှင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။ 
 ရန်ပုံငွေဟုဆိုရာတွင်တော့ အဆိုပါသတ်မှတ်ချက်များမရှိတော့ပဲ အကြောင်းအရာတစ်ခုအတွက် မိမိဆန္ဒအရ ထည့်ဝင်ခြင်း (သို့) စီမံခန့်ခွဲနိုင်သည့် Self-regulated ငွေသာ ဖြစ်ပါသည်။ 
စကားချပ်အနေဖြင့် ပြောရလျှင် မြန်မာနိုင်ငံတွင် အခွန်ဟုဆိုလျှင် ဘယ်တော့ မှ အကျိုးကျေးဇူး ပြန်ရလေ့မရှိသည့်အတွက် negative ရူ့ထောင့်က ပိုမြင်လေ့ရှိကြပေမဲ့ တကယ်တော့ အခွန်ဆိုတာသည် နိုင်ငံတစ်နိုင်ငံမှ နေထိုင်သူများ၏ အကျိုးစီးပွါးကို ဖော်ဆောင်ရန် ပြည်သူကို တာဝန်ခံရသည့် အစိုးရမှ ကောက်ခံကာ စီမံခန့်ခွဲပေးခြင်း ဖြစ်ပါသည်။

ဇကာသ်သည် အခွန်၏ သဘောတရားနှင့် နှိုင်းယှဉ်ကြည့်ပါက_ 
(၁) လူတစ်ဦးပိုင်ဆိုင်မှု၏ ၂.၅% (တိကျသည့်သတ်မှတ်ချက်)
(၂) လပြက္ခဒိန်၏ ၁၂ လ (အချိန်ကာလ) စသည့် သတ်မှတ်ချက်များ တူညီပါသည်။ 
သို့ရာတွင် နံပါတ် (၃) အချက်သည် အချို့ မွတ်စလင်အများစုနိုင်ငံများတွင် ရှိသော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ဆိုလျှင် ကောက်ခံသည့် (Regulatory body) မရှိပဲ တစ်ဦးချင်း၏ စိတ်သဘောအရ လွတ်လပ်စွာ စီမံခန့်ခွဲခြင်းဖြစ်ပါသည်။ 
နံပါတ် (၄) နှင့် နံပါတ် (၆) အချက်များဖြစ်သည့် သတ်မှတ်ပြစ်ဒဏ်နှင့် ခံစားခွင့်များသည်လည်း ဘာသာရေးယုံကြည်မှုအရ ချိတ်ဆက်ထားခြင်းသာရှိပြီး လက်ရှိဘဝတွင် မပေးဆောင်ပါက ချက်ချင်း အကျိုးသက်ရောက်သည့် ပြစ်ဒဏ်နှင့် ခံစားခွင့်မရှိပါ။ 
နံပါတ် (၅) အချက်ဖြစ်သည့် ပြန်လည် အသုံးပြုရာတွင်လည်း အချို့နိုင်ငံများတွင် ကောက်ခံသည့် ဝာာဝန်ခံအဖွဲ့အစည်းမှ စီမံခန့်ခွဲသော်လည်း နိုင်ငံအများစုတွင်မူ ဇကာသ်ပေးဆောင်သူမှ သာ စီမံခန့်ခွဲပါသည်။ 
✅ ထို့ကြောင့် ဇကာသ် ဆိုသည့် (Islamic Finance) အခေါ်အဝေါ်သည် အခွန်ကဲ့သို့ တိကျသည့် သတ်မှတ်ချက်များရှိသော်လည်း မိမိကိုယ်တိုင် စီမံခန့်ခွဲရသည့် (Self-regulated) ဖြစ်သည့် အတွက် အခွန်၊ ရန်ပုံငွေ စသည့် စကားလုံးတို့နှင့် အချို့သော ဝိသေသလက္ခဏာများတူညီနေသော်လည်း တစ်ထပ်တည်း တူညီမှုမရှိပဲ ကြားအနေအထားတစ်ခု ဖြစ်ပါသည်။ 

🌼 ဇကာသ်ပေးထိုက်သူများ
အခြေခံအားဖြင့် အရွယ်ရောက်ပြီး စိတ်ပေါသွပ်ခြင်း မရှိသည့် အစ္စလာမ်ဘာသာဝင်တစ်ဦးသည် တနှစ်တာကာလအတွင်း (Islamic Finance) အရ မိမိ၏ ပိုင်ဆိုင်မှုမှ (အခြေခံသတ်မှတ်ချက်။ ၂၀၂၄ ခုနှစ်နိုင်ငံတကာစံနှုန်းအရ ဒေါ်လာ ၄၈၀ ခန့်ကျော်လွန်ရင်) အကြမ်းဖျဥ်းအားဖြင့် အောက်ပါသုံးမျိုးကို ဇကာသ်ပေးဆောင်ရပါသည်။ 

🌼 ဇကာသ်တွက်ချက်ရသော ပိုင်ဆိုင်မှုများ
(၁) တစ်နှစ်တာကာလပတ်လုံး စုဆောင်းထားရှိငွေ (Savings)
(၂) အကျိုးအမြတ်ရရှိရေးအတွက် တစ်နှစ်ပတ်လုံးရင်းနှီးမြှုပ်နှံငွေ (Investments)
(၃) ပိုင်ဆိုင်မှုပစ္စည်းများ (Assets) တို့ဖြစ်ပါသည်။ 
အဆိုပါ (၃) မျိုးကို တွက်ချက်ရာတွင် ကာယကံရှင်၏ နေအိမ်၊ အစီးအနင်း စသည့် နေတဓူဝ လူနေမှု၏ အခြေခံလိုအပ်ချက်များအား ထည့်သွင်းတွက်ချက်စရာမလိုအပ်ပါ။ 

{ဥပမာ_လူတစ်ဦးသည် သိန်း ၁၀၀၀ တန်ဖိုးရှိ နေထိုင်နေသောအိမ်၊နှင့် သိန်း ၅၀၀ တန်ဖိုးရှိ စီးနင်းနေသော ကားတစ်စီးတို့ရှိပါက အဆိုပါ သိန်း ၁၅၀၀ အတွက် ဇကာသ်ပေးဆောင်ရန် မလိုအပ်ပါ။ ဒီနေရာမှာ အဆိုပါ ပုဂ္ဂိလ်အနေဖြင့် အဆိုပါ သိန်း ၁၀၀၀ တန် အိမ်နှင့် သိန်း ၅၀၀ တန်ကား အား မဝယ်ခင် ငွေသားအနေဖြင့် savings ရှိချိန်က အဆိုပါ သိန်း ၁၅၀၀ အား ဇကာသ်ထုတ်ခဲ့ရပြီးဖြစ်ပါသည်။ 
ဒါကြောင့် ဇကာသ်ကို နှစ်ခါပြန်ပေးဆောင်ရန် (Double Zakat or Taxation) မလိုအပ်တော့ပါ။ 

သို့ရာတွင် အဆိုပါ လူသည် အရောင်းအဝယ် (သို့) အဌားတင်ထားသော အိမ်၊ခြံ၊မြေ ကားတို့ ထပ်မံရှိပါက အဆိုပါ အရာများမှ ရရှိသော ဝင်ငွေကို နှစ်စဥ်ဇကာသ် (Annual Income Zakat ထုတ်ရပါသည်}
ထို့ပြင် ကုမ္ပဏီအစုရှယ်ယာ၊ စတော့ (Investment) ၊ ရွှေ၊ငွေပိုင်ဆိုင်မှု (Assets) များကိုမူ နှစ်စဥ်ပိုင်ဆိုင်မှုအလိုက် (Annual Zakat or Taxation)တို့အား ဇကာသ်ထုတ်ရန် လိုအပ်ပါသည်။ 

စီးပွားရေးအရ ရင်းနှီးမြုပ်နှံရာတွင်လည်း Islamic Financeအရ ခွင့်ပြုထားသော စီးပွားရေးအမျိုးအစားနှင့် ကုမ္ပဏီများတွင်သာ တည်ထောင်လုပ်ကိုင်ခြင်း၊မတည်ငွေထည့်ခြင်း၊ အစုရှယ်ယာ (စတော့) ဝယ်ယူခြင်းများ ပြုလုပ်နိုင်ပါသည်။ 

ဥပမာ အစ္စလာမ် ဘာသာအရတားမြစ်ထားသည့် အရက်၊ဘီယာ ကုမ္ပဏီတည်ထောင်လုပ်ကိုင်ခြင်း၊ အတိုးစနစ်ဖြင့် လည်ပတ်သည့် ဘဏ်၏ အစုရှယ်ယာ (စတော့ရှယ်ယာဝင်ယူခြင်း) များတွင် ရင်းနှီးမြုပ်နှံခွင့်နှင့် အဆိုပါ ရင်းနှီးမြုပ်နှံမှုမှ ရရှိငွေများအား ဇကာသ်ထုတ်ခွင့်မရှိပါ။ 
အဆိုပါ အချက်အလက်များအတိုင်း ရရှိလာသော ဝင်ငွေမှ ဇကာသ်ကို တစ်ဦးချင်း အသေးစိတ်တွက်ချက်ပြီး အဆိုပါ ဇကာသ်ငွေကို အသုံးပြုပြီး ကုလသမဂ္ဂ၏ရေရှည်တည်တံ့ခိုင်မြဲ၍ဟန်ချက်ညီမှုမျှော်မှန်းချက်များ (SDGs) အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်။ 

Files

Sric:edu4sd:2024.0002.pdf

Files (1.4 MB)

Name Size Download all
md5:00cea464357f633839505edd9cec86dd
1.4 MB Preview Download